ကောင်းခြင်းဆိုးခြင်း
အချစ်ရေ..............ှ
ကောင်းသောစစ်ပွဲမရှိသလို
ဆိုးသောငြိမ်းချမ်းရေးဆိုတာမရှိပါဘူး
ကောင်းသောအသည်းကွဲခြင်းမရှိသလို
ဆိုးသောမင်္ဂလာပွဲဆိုတာမရှိပါဘူး
ကိုယ်နဲ့မင်းဟာ
ကောင်းသောငြိမ်းချမ်းမှုတွေနဲ့
ကောင်းသောဆုံဆည်းခြင်းတွေကြားမှာ
ကောင်းသောမင်္ဂလာပွဲလေးကျင်းပကြမယ်
တနေ့နေ့မှာပေါ့ မိန်းကလေးရယ်